Sunday, October 5, 2014

Android Phone အခြေခံသင်ခန်းစာများ

Android  Phone များအား Root and Myanmar Fontထည့်နည်း ၁

မင်္ဂလာပါခင်ဗျာ။ ကောင်းသော အချိန်လေးဖြစ်ပါစေ။ ကျွန်တော့် Blog and Facebook Page လေးကို လာရောက်လာသူ နည်းပညာ ညီကိုမော်နှမများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဒီလို Computer and Mobile Phone နှင့်ပတ်သက်သော Blog and Page တွေကို ရောက်လာသူများက နည်းပညာကို အသင့်အတင့်သော်၎င်း အရမ်းသော်၎င်း ၀ါသနာပါသူများလို့ ကျွန်တော်ယူဆ
ပါတယ်နော်။ ဒါကြောင့်မို့ အခုလက်ရှိခေတ်စားနေသော ။ နောက်လဲ ခေတ်စားဦးမယ့် Mobile Phone နှင့် ပတ်သက်သော အခြေခံအကြောင်အရာလေးများကို စတင်လေ့လာသူ နည်းပညာ ညီကိုမောင်
နှမများအတွက် ကျွန်တော် လေ့လာဖူး ဖတ်ဖူး မှတ်ဖူးသလောက် ပြန်လည် ဝေမျှလိုက်ပါတယ်ခင်ဗျာ။ အခု ကျွန်တော် ရေးတဲ့ အကြောင်း အရာများက တတ်သိ နားလည်သူများအတွက် မဟုတ်ပါခင်
ဗျာ။ စတင်လေ့လာသူများအတွက် အခက်အခဲရှိသော် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ရစေသောငှာ ဖြစ်ပါတယ်ခင်ဗျာ။ ကဲစလိုက်ရအောင်ဗျာ။။။။။။

စမယ်ဆိုပြန်တော့ ဘယ်ကစရမှန်းတောင်မသိတော့ဘူး စရေးဆရာ မဟုတ်တော့ စာတွေက အစီအစဉ် တကျမရှိခဲ့သော် သီးခံပြီး ဖတ်ပေးကြပါလို့ တောင်းပန်ပါတယ်နော်


                                              ANDROID သမိုင်းအစ
ခုအချိန်မှာ အရမ်းကို ခေတ်စားနေသော OS ဖြစ်တဲ ANDROID OS ကို 2007 ခုနှစ် နိုဝင်ဘာမှာ စတင်တည်ထောင်ခဲ့ပါတယ် ။ တည်ထောင်သူကတော့ အင်တာနက် သုံးသူတိုင်း သိတဲ့ Search 

Engine
ဖြစ်တဲ့  Google မှဖြစ်ပါတယ် ။ ပထမဆုံးဗားရှင်း 1.0 ကို 2008 Setember မှာစထုတ်ခဲ့ပါတယ်။ နောက်ဗားရှင်း 1.1 ကိုတော့  2009 Feb မှာထုတ်ခဲ့ပါတယ်။
နောက်ဗားရှင်း 1.6  ကိုတော့ 2009 Setember  မှာထုတ်ခဲ့ပါတယ်။ ထူးဆန်းတာက android version 1.6 ကစပြီး   ဗားရှင်းအလိုက် မုန့်အမည်လေးတွေပေးထားတာပါ။ အခု 1.6 ကိုတော့ Donut လို့
ခေါ်ပါတယ်။ နောက် 2.0 / 2.1 ကို 2009 October မှာထုတ်ပြီး အမည်က Eclair ပါ။ နောက်ဗားရှင်း 2.2 ကို May 2010 မှာထုတ်ခဲ့ပြီး အမည်က Froyo ပါ။ နောက် ဗာရှင်း 2.3 ကိုတော့ အခုချိန်အထိအ
သုံးပြုနေပါသေးတယ်။ သုံးလို့တော့ အဆင်မပြေတော့ပါ။ အမည်က Gingerbread ပါ။ 3.0 Honeycomb ကိုတော့ Tablet တွေအတွက် ထုတ်ခဲ့တာဖြစ်ပါတယ်။ နောက် ဗာရှင်း 4.0 Ice Cream Sandwich
ကိုတော့ 2011 Ocotober မှာထုတ်ခဲ့ပါတယ်။ နောက်ဗားရှင်း 4.1 ကနေ 4.3 ကတော့ Jelly Bean အုပ်စုဖြစ်ပြီး အခုအချိန်မှာအသုံးများဆဲပါ။ အခုလက်ရှိ အမြင့်ဆုံး ဗာရှင်းကတော့ 4.4.4 Kit Kat ပါခင်ဗျာ။
ဗဟုသုတ အဖြစ် မှတ်သားထားနိုင်ပါတယ်ခင်ဗျာ။
    စစချင်းလေ့လာကြည့်ရအောင် ANDROID SETTING  ထဲကအေေ၇းကြီးအချို့ကို စတင်လေ့လာကြည့်မယ်နော်။ ANDROID INTERNET SETTING FOR Internet Setting ချိန်၇န်အတွက်
Phone Setting - ထဲမှာ ဗားရှင်း 4.0 ကနေ 4.2 အထိ More - Mobile Network - Access Point Name ကိုသွားရပါမယ် ။ 4.3 and 4.4 တွေမှတော့ Mobile Network - Access Point Name
ကိုသွားရမှာပါ။ GSM / WCDMA  Internet Setting - Name - mptnet /   Apn - mptnet  /   username =ကြိုက်ရာ ။ password = ကြိုက်ရာ ။ Authentication type = PAP or CHAP /
Apn Type = default   /
CDMA 800 /MEC/  Name = mectal / apn = #777 / username = wap@c800.mm / password = wap/ prompt password = #777
CDMA 800 /730/   Name = ctnet / anp =#777 / username = card@c800.mm / password = ကြိုက်ရာ / prompt pasword =#777 (username) @ ရှေ့မှာ မိမိ Gmail User name
ကိုဖြည့်နိုင်ပါသည်။ Ooredoo / name =internet / apn = internet / Authentication type = PAP or CHAP / Apn type = default    ok အဆင်ပြေပါစေ။
Android Setting ထဲမှာ အရေကြီးတာနှစ်ခုက Android Version 4.0 အောက် အနိမ့်တွေမှာ setting-app or application-develoment-developer opation-USB debugging ကိုမှတ်တပ်ပေးရန်နှင့် unsource ကို
မှတ်တပ်ပေးရန်လိုအပ်ပါတယ်နော်။ ဥပမာ pin / pattern / password lock ချထားပြီး မမှတ်မိတော့တဲ့ အခါမျိုးမှာ USB debugging ကို ဖွင့်ထားမှသာ computer ဖြင့်ချိတ်ဆက်ပြီး လော့ဖြည်နိုင်မှာပါ။
မဖွင့်ထားဘူးဆိုရင်တော့ Recovery Mode သို့ဝင်ပြီး Factory reset လုပ်မှသာ ၇ပါလိမ့်မည်။ မိမိ အရေးကြီး data များရှိပါက ပြန်မရနိုင်တော့ပါ။ ဒါကြောင့် မဖြစ်မနေဖွင့်ထားသင့်ပါတယ်လို့ အကြံပေး
ပါတယ်နော်။ နောက် Unown Source ကိုတော့ မဖြစ်မနေ ဖွင့်ထားရမှာပါ။ ဖွင့်ထားမှသာ ဖုန်းထဲသို့ app and game များကို install ပြုလုပ်လို့ရမှာဖြစ်လို့ပါ။ အခြး setting များကိုတော့ မိမိ စိတ်ကြိုက
သာ မွှေလိုက်တော့နော်။ များများ ကလိမှ များများ သိလာပါလိမ့်မည်။
                Root and Myanmr Font ကို စလေ့လာကြည့်ရအောင်နော်။ Android Phone အသုံးပြုသူတိုင်း Root ဆိုတာကို ရင်းနှီးပြီးသားဖြစ်မှာပါနော် ကိုယ်တိုင်မလုပ်ဖူးရင်တောင် ကြားရတာတော
နား၇ည်ဝနေလောက်ပါပြီ။ Root လုပ်ရခြင်းရဲ့ အရေးကြီးဆုံး အချက်ကတော့ မြန်မာပြည်မှာတော့ မြန်မာစာ ထည့်ဖို့ပါဘဲ။ ကျွမ်းကျင်သူများကတော့ android ကို မိမိ စိတ်ကြိုက် ပြုပြင် ပြင်ဆင် ချင်လို့
ပါ။ ကျွန်တော်တော့ အဲ့လောက်ထိ မတတ်လို့ မပြောတော့ဘူးနော်။ ဒါပေမယ့် တစ်ခုရှိတာက မြန်မာစာ ထည့်ဖို့ ဘဲ root လုပ်တာတော့ မဟုတ်ပါဘူး ။ အချို့ ဖုန်းတွေက root မလုပ်ဘဲ မြန်မာစာ ရပါတယ်။
တစ်ချို့သော Application and Game တွေက Root ပြုလုပ်မှအသုံးပြုလို့ရတာတွေကြောင့်လဲ Rooot ပြုလုပ်ကြတာပါ။ အခု Root မလုပ်ဘဲ မြန်မာစာ ဖောင့်ထည့်နည်းလေးကို အ၇င်စပြောပါမယ်
Huawei Phone အမျိုးအစားအချို့မှာ Emotion UI / THEME  ဆိုတာပါပါတယ် ။ အဲ့လိုပါခဲ့ရင်တော့ Root မလုပ်ဘဲ မြန်မာစာ ထည့်နိုင်ပါတယ်။ ထည့်နည်းကတော့ ဒီ  Application  လေးကိုဒေါင်းပြီး
phone ထဲမှာ install လုပ်ပါ။ ပြီးရင် အဲ့ဒိ app လေးကိုဖွင့်လိုက်ပါ။ အောက်ကပုံလေးတွေကို ကြည့်လိုက်ပါနော်

                    Apply Font ကိုနှိပ်ပါ
                     Emotion UI Root မလိုကိုရွေးပေးပါ
                             Apply ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Root မဖောက်ဘဲမြန်မာဖောင့် ထည့်တာပြီးပါပြီခင်ဗျာ။ ပြီးရင်တော့ စာရိုက်ဖို့အတွက် keyboard ဆက်ထည့်ရအောင်နော်
ok keyboard အတွက်  ဒါလေးကို  ဒေါင်းလိုက်ပါခင်ဗျာ။ ပြီးရင်တော့ Install လုပ်လိုက်ပါဗျ။
ပြီးရင် Setting - Language & Input - forzen zawgyi keyboard ကိုအမှတ်တပ်လိုက်ပါ။
ပြီးရင် အပေါ်က Default ကိုနှိပါ။ ပြီးရင်  Frozen Zawgyi Keyboard ကိုရွေးပေးလိုက်ပါခင်ဗျာ။

 
OK အခုဆိုရင်တော့  Huawei Emition UI ပါတဲ့ ဖုန်းကို Root မလိုဘဲ မြန်မာစာ နှင့် ကီးဘုတ်ကို အောင်မြင်စွာထည့်ပြီးပါပြီခင်ဗျာ။ အဆင်ပြေကြပါစေ။ အခုနည်းလမ်းသည် ဖုန်းအား မည်သည့် ပျက်စီးမှုမှမဖြစ်စေပါခင်ဗျာ။ 
Root လုပ်ပြီး မြန်မာစာ ထည့်နည်းကို အခန်း ၂ မှာဆက်လက်လေ့လာပါခင်ဗျာ။ ကောင်းသောအချိန်လေးဖြစ်ပါစေ

No comments:

Post a Comment

အဆင်မပြေမှု့ရှိပါက ပြောခဲ့နိုင်ပါတယ်

https://www.mediafire.com/file/bwqdmflrplda67m/On7_Backup.rar/file