Saturday, June 13, 2015

နည်းပညာ စိတ်ဝင်စားသူများအတွက် Myanmar Mobile App မှတင်ပေးထားတဲ့ Android phone အခြေခံပြုပြင်နည်းများ

နည်းပညာ စိတ်ဝင်စားသူများအတွက် Myanmar Mobile App မှတင်ပေးထားတဲ့ Android phone အခြေခံပြုပြင်နည်းများကို ပြန်လည်တင်ပေးတာပါ။ အလွန်ပြည့်စုံတဲ့အတွက် အသုံးဝင်မှာသေချာပါတယ်ခင်ဗျာ။ လေ့လာကြည့်ပါနော်။။
အပိုင်း ၆
GENERAL ROOT TOOL –
Root လုပ်ငန်းစဉ် ဆိုသည်မှာ Close System Android ဖုန်းများကို System ပိုင်းပြင်ဆင်ရန်အတွက်ပြုလုပ်သော လုပ်ငန်းစဉ်
တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ Root ဆိုသောစာလုံးသည် Linux OS အတွက် အသုံးပြုလေ့ရှိသော လုပ်ငန်းစဉ်လဲဖြစ်သည်။
Android OS သည်လည်း Linux ကို မှီခိုရသော OS ဖြစ်သည့်အတွက် System ပိုင်းပြင်ဆင်နိုင်ရန် Admin Permission ရယူနိုင်ရန်အတွက်
Root လုပ်ရခြင်းဖြစ်ပါသည်။ ကွန်ပြူတာ Windows စနစ်မှာတော့ Admin Permission ဖြစ်ပါတယ်။ Android တို့ Linux တို့မှာတော့
Root Permission ပာုခေါ်ခြင်းဖြစ်ပါတယ်။


Root ပြုလုပ်သောအခါ System ပိုင်းပြင်ဆင်သုံးစွဲရသော Application များကို သုံးစွဲခွင့်ရလာစေသည်။ ထို့အပြင် မိမိစိတ်တိုင်းကျ
ကျွမ်းကျင်မှု့ရှိပါက System ပိုင်းကို ပြင်ဆင်နိုင်သည့်အတွက် Rooting လုပ်ငန်းစဉ်သည် Android OS တို့အတွက် အရေးကြီးလုပ်ငန်းစဉ်
တစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ Root ပြုလုပ်ခြင်းပာာ Phone တစ်လုံးရဲ့ Warranty ကိုလဲ ပျက်ယွင်းစေတယ်ဆိုတာ သိရှိထားကြရပါမယ်။
အများဆုံးတော့ Root လုပ်ကြတဲ့သူတော်တော်များများပာာ ဖုန်းကို Myanmar Font ထည့်သွင်းအသုံးပြုရန်သာ သုံးစွဲကြတာဖြစ်ပါတယ်။
Root လုပ်တဲ့နေရာမှာ Root Tool တွေအများကြီးရှိသည့်အနက်မှ အကောင်းဆုံး Root Tool ဖြစ်တဲ့ V-Root Root Tool အသုံးပြုပုံလေးကို
ပြောပြပေးပါမယ်။
အသုံးပြုရတာလွယ်ကူပြီး အချိန်ကုန်လဲသက်သာစေပါတယ်။ Root Tool ကိုအသုံးပြုနိုင်ရန်အတွက် Root Tool ကနေဖုန်းကို သိရှိစေရန်
ဖုန်းမှာ-
(၁) Unknow Source Option နှင့်
(၂) USB Debugging တို့ကို ဖွင့်ပေးထားရန် လိုအပ်ပါသည်။
ကိုယ် Root လုပ်ချင်တဲ့ Phone အမျိုးအစားရဲ့ Driver ကိုတော့ Run ပေးထားရပါမယ်။
ဒါဆိုရင်တော့ version 4.4.2 လောက်ထိ ဖုန်းအားလုံးနည်းပါးကို VRoot Root Tool နဲ့ အလွယ်တကူ Rooting ပြုလုပ်နိုင်ပါပြီ။
Root ပြုလုပ်ခြင်းပာာ ပုံမှန်ထက်ပိုပြီး Performance များရရှိစေသည့်အပြင် Mobile OS ကိုလည်း စိတ်တိုင်းကျ ထိန်းချုပ်ခွင့်
ရရှိစေမှာလဲ ဖြစ်ပါတယ်။ ထို့အပြင် Phone အတွင်းပါဝင်တဲ့ Built-in Application များကိုလဲ Application များသုံးပြီး ဖယ်ရှားနိုင်ပါတယ်။

url
– CLOCK WORK MODE RECOVERY –
ဒီတစ်ခါတော့ Clock Work Mode Recovery အကြောင်းလေးကို သေးစိတ်ရှင်းပြပေးပါမယ်။
Clock Work Mode Recovery ဆိုတာကတော့ CWM Recovery ကို အရှည်ကောက်ခေါ်ဆိုခြင်းဖြစ်ပါတယ်။ Android တွင်အသုံးပြုသော
Original Recovery ပာာ Root လုပ်ရန် … ဒါမှမပာုတ် ဖုန်းရဲ့ System ပိုင်းကိုပြင်ဆင်ရန် zip file များကို install လုပ်တဲ့အခါ
support ပေးခြင်းမရှိတာကြောင့် Clock Work Mode Recovery (CWM Recovery) ကို အသုံးပြုကြရတာဖြစ်ပါတယ်။
Clock Work Mode Recovery ပာာ အချို့ဖုန်းများတွင် error တစ်ခုခုကြောင့် Firmware လိုအပ်နေရင် ဖုန်းအကောင်းတစ်လုံးကနေ
Backup လုပ်ကူးယူတဲ့နေရာမှာပါ အသုံးဝင်လှပါတယ်။ ထို့ကြောင့် Clock Work Mode Recovery သွင်းနည်းလေးပာာလည်း
သိထားသင့်တာကြောင့် Samsung Device ကို အခြေခံပြီး Clock Work Mode Recovery သွင်းနည်းလေး အနည်းငယ်ရှင်းပြပေးလိုက်ပါတယ်။
Samsung ဖုန်းတွေကို Clock Work Mode Recovery သွင်းနိုင်ရန်အတွက် အဓိကလိုအပ်တာကတော့ Odin လေးပဲဖြစ်ပါတယ်။
ကွန်ပြူတာကလဲ Samsung Device များကိုသိရှိနေနိုင်ရန်အတွက် Samsung USB Driver လဲလိုအပ်ပါသေးတယ်။
မိမိထည့်သွင်းလိုသော Samsung Device ရဲ့ Clock Work Mode Recovery (CWM Recovery) ကိုလဲ Download ရယူရပါမယ်။
လုအပ်တာလေးတွေကို Download ရယူပြီးရင်တော့ အရင်ဆုံးဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် computer မှာ Odin ကို
ဖွင့်လိုက်ပါ။ ဒေါင်းထားတဲ့ Clock Work Mode Recovery ကို Odin ရဲ့ PDA နေရာကနေ ထည့်သွင်းလိုက်ပါ။ ပြီးနောက်
ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode = Volume Down + Home + Power
ကိုတွဲနှိပ်ပါ။ ပြီးနောက် Volume up ကို တစ်ချက်နှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Download mode ကို ရောက်သွားပါပြီ။
ဖုန်းကို computer နဲ့ connect လုပ်လိုက်ပါ။ odin ကနေဖုန်းကို သိရှိပြီဆိုရင်တော့ Start Button လေးကိုနှိပ်လိုက်ပါ။
Odin ကနေ လုပ်ဆောင်ချက်ပြီးစီးပြီဆိုရင်တော့ ဖုန်းမှာ Reboot(Restart) ကျသွားပြီး ပါဝါပြန်တက်လာပါပြီ။
ဒါဆိုရင်တော့ သင့်ရဲ့ဖုန်းကို Clock Work Mode Recovery သွင်းခြင်း လုပ်ဆောင်ချက် ပြီးစီးပါပြီ။
Remark ::: ဖုန်းအမျိုးအစားအလိုက် Clock Work Mode Recovery သွင်းနည်းများကွဲပြားခြားနားမှု့ ရှိပါတယ်။
– ဖုန်းအမျိုးအစားအလိုက် version အမြင့်တွေကို Rooting လုပ်ဆောင်နည်း –
ဖုန်းများကို Root ပြုလုပ်ခြင်းပာာ ဖုန်းတွေရဲ့ version အလိုက် Rooting ပြုလုပ်ပုံပာာလဲကွဲပြားပါတယ်။
ကျတော် Samsung / Huawei / Sony တို့ရဲ့ version အမြင့်တွေကို Rooting ပြုလုပ်ပုံ အသးစိတ်ကိုရှင်းပြပေးပါမယ်။
1- Samsung ဖုန်းတွေရဲ့ version 4.4.2 လောက်ထိပာာ VRoot Root Tool နဲ့အလွယ်တကူ Root ပေါက်ပါတယ်။
version အမြင့်ပိုင်းတွေမှာတော့ ကျတော်တို့ရဲ့ VRoot Root Tool ပာာ support ပေးနိုင်ခြင်းမရှိတာကြောင့် Samsung Device များကို
Root လုပ်ခြင်းနှစ်မျိုးနဲ့ လုပ်ဆောင်နိုင်ပါတယ်။
ပထမ Root လုပ်နည်းကတော့ Clock Work Mode Recovery (CWM) ကနေ Root zip ကို Install လုပ်ခြင်းပါ။
Clock Work Mode Recovery သွင်းနည်းလေးကတော့ အပေါ်မှာပြောထားတဲ့အတိုင်းပါပဲ။
Clock Work Mode Recovery သွင်ူပြီးပြီဆိုရင်တော့ Root zip ကို Install လုပ်ရပါမယ်။
Root zip update version ကို Download ရယူပြီး Sd Card ထဲထည့်ပါ။ ပြီးရင် Phone ကို Recovery mode သွင်းပြီး
Root zip ကို Install ပြုလုပ်ပေးလိုက်ပါ။ Samsung Recovery mode-
Volume up + Home + Power
Recovery mode ရောက်ရှိပြီဆိုရင်တော့ Install From SD Card ကနေပြီးတော့ Root zip လေးကို Install ပေးပြီး
ပြန်ထွက်လိုက်ပါ။ ပြီးနောက် Reboot System now နဲ့ ဖုန်းကို Reboot(Restart) လုပ်ပေးလိုက်ပါ။
ပါဝါပိတ်ပြီး ပြန်တက်လာရင်တော့ သင့်ဖုန်းပာာ Root ပြုလုပ်ပြီးပါပြီ။
နောက်တစ်နည်းကတော့ Odin ကနေ CF-Auto Root file ကို Flash ပေးပြီး Root ခြင်းပဲဖြစ်ပါတယ်။
ဒီနည်းကတော့ Clock Work Mode Recovery ကို Install ပြုလုပ်ခြင်းနည်းနဲ့တူပါတယ်။ Model အလိုက်လိုအပ်တဲ့
CF-Auto Root file ကို Download ရယူလိုက်ပါ။ ပြီးရင်တော့ Odin ကနေ PDA နေရာမှာ CF-Auto Root file ကို
ထည့်လိုက်ပါ။ ပြီးရင်တော့ ဖုန်းကို Download mode သွင်းပြီး computer နဲ့ connect လုပ်လိုက်ပါ။
Odin ကနေ ဖုန်းကိုသိပြီဆိုရင်တော့ Start Buttom ကို နှိပ်ပေးလိုက်ပါ။ ဖုန်းမှာ Reboot ကျပြီးပြန်တက်လာရင်တော့
Rooting ပြုလုပ်ခြင်းပြီးဆုံးပါပြီ။
2- Sony ဖုန်းတွေကို Root လုပ်ရန်အတွက်လုပ်ဆောင်ရမဲ့နည်းလမ်းကတော့
1) Bootloader Unlock ပြုလုပ်ရမည်။
2) Boot file Flash ပေးရမည်။
3) Root zip ကို Recovery mode ကနေ Install ပေးရပါမည်။
3- Huawei ဖုန်းများကို Root လုပ်ဆောင်ရန်
1) Bootloader unlock ပြုလုပ်ရမည်။
2) Boot file Flash ပေးရမည်။
3) Root zip ကို Flash ပေးရမည်။
Sony နဲ့ Huawei တို့ရဲ့ Root လုပ်ခြင်းပာာတူညီပါတယ်။ နှစ်မျိုးစလုံးကို အဆင့်-၂ ပြီးတာနဲ့ VRoot Root Tool ကို အသုံးပြုပြီး
Root ပြုလုပ်နိုင်ပါတယ်။


No comments:

Post a Comment

အဆင်မပြေမှု့ရှိပါက ပြောခဲ့နိုင်ပါတယ်

https://www.mediafire.com/file/bwqdmflrplda67m/On7_Backup.rar/file