Saturday, June 13, 2015

နည်းပညာ စိတ်ဝင်စားသူများအတွက် Myanmar Mobile App မှတင်ပေးထားတဲ့ Android phone အခြေခံပြုပြင်နည်းများ

နည်းပညာ စိတ်ဝင်စားသူများအတွက် Myanmar Mobile App မှတင်ပေးထားတဲ့ Android phone အခြေခံပြုပြင်နည်းများကို ပြန်လည်တင်ပေးတာပါ။ အလွန်ပြည့်စုံတဲ့အတွက် အသုံးဝင်မှာသေချာပါတယ်ခင်ဗျာ။ လေ့လာကြည့်ပါနော်။။
အပိုင်း ၎
Prepare For Advance System –
Android Device များတွင် အသုံးပြုရန်လိုအပ်သော Application များကို ထည့်သွင်းနိုင်သော Installation နည်းလမ်းသုံးမျိုး ရှိပါတယ်။
အရိုးရှင်းဆုံနည်းလမ်းကတော့ SD Card ထဲမှ Install လုပ်နည်းဖြစ်ပါတယ်။ Device on Install နည်းလမ်းပာုလည်း ခေါ်ဝေါ်ကြပါတယ်။
အားနည်းချက်မှာ Install ပြုလုပ်လိုသော Application များကို SD Card ထဲ ထည်သွင်းပေးထားရတာပဲဖြစ်ပါတယ်။
Device အတွင်းတွင် Install ပြုလုပ်နိုင်ရန်အတွက် Setting ထဲကနေ Unknow Source option ကို Enable လုပ်ထားဖို့လဲ လိုအပ်ပါတယ်။
ဒီ option က Setting ထဲက Security setting ထဲမှာ ပါဝင်တဲ့ option တစ်ခုဖြစ်ပါတယ်။


ဒုတိယနည်းလမ်းမှာ Google Play Store မှ တိုင်ရိုက် Download လုပ်ပြီး Install လုပ်ခြင်းဖြစ်ပါတယ်။ ထိုသို့ Install ပြုလုပ်မည်ဆိုပါက
မူရင်း Application ဖိုင် ကျန်ခဲ့မည်မပာုတ်ပါ။ အားနည်းချက်မှာ Internet လိုအပ်ခြင်းနှင့် ပျက်သွားပါက Install ပြန်လုပ်လိုလျင်
Download ထပ်မံပြုလုပ်ရခြင်းပဲ ဖြစ်ပါတယ်။ တစ်ချို့ဖုန်းများတွင်တော့ Google Play Store မပါဝင်တဲ့အတွက် Market အမျိုးမျိုးကို
ရယူသုံးစွဲ နိုင်ပါတယ်။
တိတယနည်းလမ်းကတော့ Computer တွင်ချိတ်ဆက်ပြီး Command Line Prompt ထဲမှ ADB ( Android Debug Bridge ) ကို အသုံးပြု
ပြီး Install ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ထိုသို့ Install ပြုလုပ်ခြင်းပာာ Application အများအပြားကို တစ်ပြိုင်နက်ထဲ Install ပြုလုပ်နိုင်တဲ့အတွက်
ပိုမိုကောင်းမွန်ပြီး Device အားလုံးနှင့်လဲ ကိုက်ညီမှု့ရှိသည့်အတွက် ပိုမိုအဆင်ပြေစေပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့
Computer လိုအပ်ခြင်းပဲဖြစ်ပါတယ်။ ထို့ပြင် ADB Folder သို့မပာုတ် Android SDK လဲ လိုအပ်ပါသေးတယ်။
– Install Application From SD Card –
ပထမဦးစွာ မိမိ Install ပြုလုပ်လိုသော Apk ဖိုင်များကို SD Card ထဲသို့ထည့်သွင်းထားရမှာဖြစ်ပါတယ်။
ပြီးရင် မိမိ Device မှာ Unknow source option ကို Enable လုပ်ပေးထားရပါမယ်။ ပြီးနောက် Device ထဲက File Manager application
ထဲကနေပြီး Apk ဖိုင်များရှိသည့်နေရာအထိ အဆင့်ဆင့်ဝင်ရောက်ပြီး Install ပြုလုပ်လိုသော application များကို
Install ပြုလုပ်ရုံပဲ ဖြစ်ပါတယ်။
– Install Application From Google Play Store –
Google Play Store ဆိုတာကတော့ အးလုံးသိရှိပြီးဖြစ်တဲ့အတိုင်း Android Device များမှာ အသုံးပြုရန်အတွက် Google မှ ပြုလုပ်ပေးထားသော
Application များ Download ပြုလုပ်ရာနေရာတစ်ခုပဲ ဖြစ်ပါတယ်။ Google Play Store မှ Application များကို Free Download အနေနဲ့
ရယူအသုံးပြုနိုင်သလို အခကြေးငွေပေးပြီး ရယူအသုံးပြုရတဲ့ application များလဲ ရှိပါတယ်။ ထိုသို့ အသုံးပြုနိုင်ရန်အတွက် Internet
Connection နဲ့ Gmail account တစ်ခု ရှိရန်လိုအပ်မှာ ဖြစ်ပါတယ်။
– Install Application From Android Debug Bridge (ADB) –
Android ဖုန်း သို့မပာုတ် Tablet များကို ADB နည်းစနစ်ကို အသုံးပြုခြင်းဖြင့် Computer နဲ့ ချိတ်တက်ပြီး apk များ အထုတ် / အသွင်း /
Install ပြုလုပ်ခြင်း တို့အပြင် အထွေထွေအသုံးဝင်သော အချက်အလက်များကိုပါ အသုံးပြုနိုင်သည်။ ထိုသို့အသုံးပြုရန်အတွက်
Android Debug Bridge ( ADB ) Folder ကို Download ရယူပြီး သင့်တော်သောနေရာတစ်ခုမှာ နေရာချထားပေးပါ။ အများအားဖြင့် C:
အောက်တွင် ထားသင့်ပါတယ်။ အလုပ်များကို လုပ်ဆောင်ရန်အတွက် ADB နှင့်ချိတ်ဆက်ရန် Command Prompt ကို ၀င်ရောက်ရမည်
ဖြစ်သည်။ ၀င်ရောက်ရမည့်နည်းလမ်းများမှာ အမျိုးမျိုးရှိပြီး အသုံးများသော ၀င်ရောက်မှု့များကို လေ့လာကြည့်ကြရအောင် …
၁။ Windows XP အတွက် Start >> All Program >> Accessories >> Command Prompt သို့ ရွေးချယ်ဝင်ရောက် ရပါမည်။
၂။ Windows 7 ( သို့မပာုတ် ) Windows 8 တို့အတွက်ကတော့ ကိုယ်ထည့်ထားတဲ့ Lcation အောက်ကနေ ADB Folder သို့
ဝင်ရောက်ကာ Shift Key ကို နှိပ်ထားပြီး Right Click နှိပ်ကာ Open Command Window Here ကိုရွေးချယ်ကာ ၀င်ရောက်
ရမှာ ဖြစ်ပါတယ်။
ADB Command ပေါင်းမြောက်များစွာရှိသည့်အနက် အသုံးများသော ADB Command များကို ဖော်ပြပေးသွားပါမည်။ ADB Command
များကို အသုံးပြုရန်အတွက် USB Debugging နှင့် Unknow Source ကို ဖွင့်ပေးထားရန် လိုအပ်ပါသည်။ ထို့အပြင် လိုအပ်သော
Mobile Driver များကိုလဲ ထည့်သွင်းထားရန် လိုအပ်ပါသည်။
ADB Folder ( သို့မပာုတ် ) Android SDK ကို အောက်ကလင့်မှာ Download ရယူပါ။
ADB Folder Download >>> http://dottech.org/uploads/adb_fastboot_and_other_tools.zip?0f9fe4
Android SDK Download >>> http://developer.android.com/sdk/index.html
– Install ADB Mobile Driver –
USB Debugging ကို ဖွင့်ထားသည့်တိုင် အသုံးပြုမရပါက ADB Driver ကို Install လုပ်ပေးရန်လိုအပ်ပါသည်။ ထိုသို့ ပြုလုပ်ရန်
Start >> Run Box တွင် devmgmt.msc ပာုရိုက်တည့်ကာ Device Manager သို့ ၀င်ရောက်ပေးရပါမည်။
ထို့နောက်အ၀ါရောင် အမှတ်အသားပြနေသော Driver များကိုတွေ့ရလျှင် Driver ပြည့်စုံခြင်းမရှိတာပဲ ဖြစ်ပါတယ်။
ထို Mobile Phone အမှတ်အသားပေါ်သို့ Right Click နှိပ်ပြီး Update Driver Software ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
ပြီးနောက် Broswe my Computer for Driver Software ကို ထပ်မံရွေးချယ်ကာ let me pick alist of device driver on my computer
ကို ထပ်မံရွေးချယ်ပေးပါ။ ပြီးလျှင် Hask disk ကို Click နှိပ်ပြီး ထိုမှပေါ်လာသော Box ထဲတွင် Broswe ကို ရွေးချယ်ပေးလိုက်ပါ။
ပြီးနောက်ထည့်သွင်းထားသော ADB Folder ထဲမှ USB Drvers Folder ကို ဖွင့်လှစ်ကာ android_winusb ဖိုင်ကို ရွေးချယ်ပြီး Open
နှိပ်ပေးရပါမည်။
ပြီးနောက် OK ကို ဆက်လက် Click နှိပ်ပေးပါ။ အတည်ပြုချက်တောင်းခံသော Window Dialog Box တစ်ခုပေါ်လာလျှင် Yes ကို
ရွေးချယ်ပေးလိုက်ပါ။ တစ်ခါတစ်ရံ Driver မကိုက်ညီကြောင်းဖော်ပြသော Dialog Box တစ်ခုပေါ်လာပါက Install any way to continue
ကို ရွေးချယ်ပေးရပါမယ်။ ထိုအခါအလိုအလျောက် Install လုပ်သွားမည်ဖြစ်ကာ Windows has successfully update your
driver software ဆိုပြီးပေါ်လာလျှင် Driver install ပြုလုပ်ခြင်းပြီးဆုံးပြီး Close ကို နှိပ်လိုက်ရုံသာဖြစ်ပါတယ်။ Driver ကိုအောင်မြင်စွာ
Install လုပ်ပြီးပါက ADB Command များကို စတင်အသုံးပြုနိုင်ပါပြီ။
– ADB Devices
ရှေးဦးစွာ လေ့လာသင့်သော Command မှာ ” adb device ” command ဖြစ်ပြီး ယင်းသည် ချိတ်ဆက်ထားသော device ကို အဆင်ပြေမှု့
ရှိ / မရှိ သိရှိစေနိုင်သည်။ အသုံးပြုရန်မှာ မိမိ Device နှင့် အသုံးပြုလိုသော Computer ကို ချိတ်ဆက်ထားရမည်။ မချိတ်ဆက်မှီ Unknow
source နှင့် USB Debugging ကို ဖွင့်ပေးထားရန် လိုအပ်ပါသည်။ အသုံးပြုပုံမှာ Commands Window တွင် ၀င်ရောက်ပြီး adb device ပာု
ရိုက်နှိက်ကာ Enter ကို နှိပ်ရပါမည်။
List of devices attached
0123456789ABCDEF device
ဆိုပြီးပေါ်ရင် အဆင်ပြေပါပြီ။
– ADB Install –
Apk ဖိုင်များကို ဖုန်းထဲသို့တိုက်ရိုက် Install လုပ်ခြင်းမပာုတ်ပဲ ဖုန်းကို Computer နဲ့ချိတ်ဆက်ပြီး Install လုပ်ခြင်းဖြစ်ပါသည်။
Install လုပ်လိုသော application များကို ADB Folder ထဲသို့ ထည့်သွင်းထားရပါမည်။ Command Line ကိုဖွင့်ပါ။ မိမိနေရာချထားသော
ADB Folder ရဲ့ လမ်းကြောင်းကိုရွေးချယ်ပါ။ ပြီးလျှင် ဖုန်းကို Computer နဲ့ ချိတ်ဆက်နိုင်ရန် အောက်ပါ Command ကို
ရိုက်ထည့်ပြီး Install လုပ်နိုင်ပါမည်။
adb install <apkname> ကို ရိုက်နှိပ်ပြီး install လုပ်ရမည်။ Failure စာသားပေါ်လာပါက Install လုပ်ဆောင်မှု့ မအောင်မြင်ပါ။
Success ဆိုပြီးပေါ်လာပါက Install လုပ်ဆောင်မှု့ အောင်မြင်ပါသည်။ <apkname> ဆိုရာတွင် မိမိ Install လုပ်လိုသော
apk file ရှိရာလမ်းကြောင်းဖြစ်သည်။ အသုံးပြုရမည့် Command အပြည့်အစုံမှာ –
adb install <apk file with complete path> ဖြစ်ကာ တကယ်လို့ မိမိ Install ပြုလုပ်လိုသော apk file များသည် ADB Folder
အောက်တွင်ရှိနေပါက တိုက်ရိုက်အနေဖြင့် adb install <apkname> ကိုရိုက်ထည့်ပြီး Enter ခေါက်ရန်သာဖြစ်သည်။
နောက်နည်းလမ်းတစ်ခုကတော့ Apk file များသည်တစ်ခြားနေရာတွင် ရှိပါက Command Windows တွင် adb install ပာု
ရိုက်နှိပ်ကာ apk file ကို Command Windows ထဲသို့ဆွဲထည့်ကာ Enter နှိပ်ပေးရမည်။ လုပ်ဆောင်ချက်အောင်မြင်ခဲ့ပါက
အောက်ဖော်ပြပါအတိုင်းတွေ့ ရမည်ဖြစ်သည်။
C:/ADB/ADB/>adb install C:/ADB/ADB/viber.apk
1345 KB/s <9110612 bytes in 6.612s>
pkg: /data/local/tmp/viber.apk
Success
C:/ADB/ADB>_
သို့မပာုတ်ပါက APK file ရှိသော လမ်းကြောင်းအပြည့်အစုံကို ရိုက်နှိပ်ပေးနိုင်ရင်လည်း ထည့်သွင်းနိုင်ကြောင်း တွေ့ရသည်။
အထူးမှတ်သားရန်တစ်ခုမှာ ရှိနှင့်ထားပြီးသော APK file များကို Install ပြုလုပ်နိုင်မည် မပာုတ်ပါ။ ပြုလုပ်လိုပါက -r ထည့်သွင်းပြီး
ပြန်လည် Install ပြုလုပ်နိုင်ပါသည်။ အခြား သတိထားရမည့်အချက်များမှာ-
Adb install -l <apkname> – သည် Application များကို Lock ပြုလုပ်ပြီး ထည့်သွင်းမည်ပာု ဆိုလိုပါသည်။
Adb install -r <apkname> – သည် ရှိနှင့်ထားပြီးသော Application များကို ပြန်လည်ထည့်သွင်းပေးရန် အသုံးပြုသည်။
( သို့သော် ကျန်ခဲ့သော Application နှင့်သက်ဆိုင်သော Data catche များကိုမူ
သိမ်းဆည်းပေးထားမည် ဖြစ်သည်။ )
Adb install -s <apkname> – သည် Phone ရဲ့ Internal Storage တွင် Install လုပ်မည့်အစား SD Card ပေါ်သို့
Install လုပ်ခိုင်းစေခြင်းဖြစ်သည်။
– ADB PUSH –
Computer မှ ချိတ်ဆက်ထားသောဖုန်းသို့ အချက်အလက်များ / ဖိုင်များ / သီချင်းဖိုင်များ / ဗွီဒီယိုဖိုင်များ ပေးပို့ရာတွင်
အသုံးပြုပါတယ်။ ရိုက်ရမည့် Command မှာ-
Adb push <Source> <distination> ဖြစ်သည်။ Source သည် ထည့်သွင်းလိုသောဖိုင်ရဲ့ လမ်းကြောင်းအပြည့်အစုံ ဖြစ်သည်။
ဥပမာအးဖြင့် – “D:/User/mmm.mp3″ ပာုဖြစ်တက်ကာ လမ်းကြောင်းကိုမသိရှိ / မရိုက်တက်ပါက Command Windows ပေါ်သို့
တိုက်ရိုက်ဆွဲထည့်နိုင်သည်။
<distination> ဆိုသည်မှာ ဖုန်းအတွင်းထည့်သွင်းလိုသော လမ်းကြောင်းအပြည့်အစုံဖြစ်သည်။ များသောအားဖြင့် /sdcard/
ဖြစ်လေ့ရှိသည်။
Adb push ရဲ့ အသုံးပြုမှု့ အပြည့်အစုံမှာ ဥပမာအးဖြင့် adb push “C:/user/mmm.mp3″ /sdcard/ ပာု ရိုက်ထည့်ကာ
ဖိုင်များကို ဖုန်းအတွင်းရှိ SD Card ထဲသို့ ထည့်သွင်းနိုင်သည်။
SD Card ထဲမှ အခြားသော နေရာများသို့ ဖိုင်များထည့်သွင်းလိုပါက /sdacrd/<folder name> ကို ရိုက်ထည့်ပေးရန်သာ
ဖြစ်ပေသည်။
– ADB PULL –
ADB Pull ဆိုသည်မှာ ADB Push နဲ့ ပြောင်းပြန်ဖြစ်ပြီး ဖုန်းအတွင်းမှဖိုင်များကို Computer ထဲသို့ ကူးပြောင်းထည့်ပေးနိုင်သည်။
အသုံးပြုရန်မှာ-
Adb pull <source> <distination> ပင်ဖြစ်ကာ Source သည် ဖုန်းအတွင်းတွင် ရှိသောဖိုင်များကို ဆိုလိုကာ distination သည်
ကွန်ပြူတာပေါ်တွင် ထားရှိလိုသောလမ်းကြောင်း အပြည့်အစုံကိုဖော်ညွှန်းသည်။ သို့သော် ကွန်ပြူတာလမ်းကြောင်း ထဲရှိ
Folder တစ်ခုခုတွင် Space များပါရှိပါက ” ” နှင့် အဆုံးသတ်ပေးရသည်။ ဥပမာအားဖြင့်-
C:/Dogs ပာု တိုက်ရိုက်ရေးသညးနိုင်သော်လည်း “C:/New Folder” ပာု New Folders တွင် Space ပါသောကြောင့်
Double Quote ခံပြီး ရေးသားရမည်ဖြစ်သည်။
– ADB SHELL –
Linux OS တွင်အသုံးပြုသော Command များကို Windows တွင်အသုံးပြုပြီး လိုအပ်သောဆောင်ရွက်ချက် များကိုလုပ်ဆောင်ရန်
အသုံးပြုပါသည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်ရန်အတွက် Linux Shell Command များကို ကျွမ်းကျင်မှု့ရှိစေရန်
လိုအပ်ပါသည်။ Android OS သည်လည်း Linux အနွယ်ဝင်ပင် ဖြစ်သည့်အတွက် Linux Command များကို အသုံးပြုပြီး
ဖုန်းပြုပြင်မှု့များကို ပြုလုပ်နိုင်ပါသည်။ အသုံးပြုပုံမှာ-
Adb shell ပာု ရိုက်ပြီး Enter နှိပ်ရမည်။ ထိုအခါ sh-3.2# ပာု ပေါ်လာပါမည်။ ပေါ်လာသောအခါ ကြိုက်နှစ်သက်ရာ Linux Command
များကို အသုံးပြုနိုင်ပါသည်။ ထိုသို့အသုံးပြုနိုင်ရန်အတွက် Linux နှင့်သက်ဆိုင်သော Command များကို အသုံးပြုနိုင်ပါသည်။
ထိုသို့အသုံးပြုနိုင်ရန် Linux Command များကို လေ့လာထားရန်လိုအပ်ပါသည်။ အများဆုံးအသုံးပြုလေ့ရှိသော Command များမှာ-
CD- Change Directory ဖုန်းအတွင်းတွင်ရှိသော လမ်းကြောင်းများကိုပြောင်းလဲရန် ကြည့်ရှု့ရန်အတွက် အသုံးပြုပါသည်။
ဥပမာအားဖြင့် Application များရှိသော လမ်းကြောင်းကိုပြောင်းလဲလိုပါက cd data/app ပာု ရိုက်ထည့်ပြီးပြောင်းလဲနိုင်ပါသည်။
LS- List (Directory) Folder တစ်ခုအတွင်းတွင်ရှိသော ဖိုင်များကိုကြည့်ရှု့ရန်အတွက် အသုံးပြုသည်။ အသုံးပြုပုံမှာ ls ပာု
ရိုက်ထည့်ရမည်။ ထိုအခါ Folder အတွင်းတွင်ရှိသော ဖိုင်များကို အစဉ်လိုက် ဖော်ပြပေးသွားမည်။
RM -r (Remove application) ဖုန်းအတွင်းတွင်ရှိသော Application တစ်ခုကို Uninstall ပြုလုပ်ရန်အတွက် အသုံးပြုသည်။
မည်သည့် Application မဆို Uninstall ပြုလုပ်နိုင်ပေမဲ့ Built-in ပါဝင်သော application များကိုတော့ Uninstall မပြုလုပ်နိုင်ပါ။
ဒီ Command ကို အသုံးပြုနိုင်ရန် သင့်ဖုန်းတွင် Root Accept လိုအပ်ပါမည်။ ထိုသို့အသုံးပြုခြင်းသည် စက်လည်ပတ်မှု့ကို
ထိခိုက်စေနိုင်ပါသည်။ ရိုက်ထည့်ရမည့် Command မှာ rm -r appname.apk ဖြစ်ပါသည်။
– ADB REMOUNT –
ဖုန်းအတွင်းအသုံးပြုသော system partition များကို ဖတ်ရှု့ / ရေးသားနိုင်စေရန်အတွက် အသုံးပြုပါသည်။ ထိုသို့အသုံးပြုရာတွင်
နည်းလမ်းနှစ်မျိုးကို အသုံးပြုနိုင်ပါသည်။ ပထမနည်းလမ်းမှာ-
adb remount ပာု တိုကရိုက်ရိုက်ထည့် အသုံးပြုနိုင်ကာ နောက်တစ်မျိုးမှာ adb shell ပာု ရိုက်ထည့်ပြီးနောက်မှ mount ပာု
ရိုက်ထည့်နိုင်သည်။ adb remount သည် များသောအားဖြင့် အသုံးမလိုသော Command တစ်ခုသာဖြစ်ပြီး မလိုအပ်ပါက
အသုံးမပြုသင့်ပါ။ ထို့အပြင် system partition သည် ပြင်ဆင်ရန် အန္တရာယ်များလှသည်။ မှားယွင်းပါက Firmware ပျက်စီးသည်
အထိဖြစ်တက်သည်ကို သတိပြုသင့်ပါသည်။ အသုံးပြုပုံမှာ-
Mount -o rw, remount/dev/block/mtdblock3/system ဖြစ်ပါတယ်။
– ADB REBOOT –
ဖုန်းကို Restart (Reboot) ပြုလုပ်ရန်အတွက် အသုံးပြုနိုင်သည်။ ရိုးရိုး Restart အတွက် adb reboot ပာု ရိုက်ထည့်ပြီး
Recovery mode ၀င်ရောက်အသုံးပြုနိုင်ရန်အတွက် adb reboot recovery ပာု ရိုက်ထည့်နိုင်သည်။ Fastboot ၀င်ရောက်လိုသော
ဖုန်းများအတွက် adb reboot bootloader ပာု ရိုက်ထည့်နိုင်ပါသည်။


No comments:

Post a Comment

အဆင်မပြေမှု့ရှိပါက ပြောခဲ့နိုင်ပါတယ်

https://www.mediafire.com/file/bwqdmflrplda67m/On7_Backup.rar/file