Xiaomi နှင့် မြန်မာစာ။။ဒီ ခေါင်းစဉ်ကိုပေးရတာက အခု အချိန်မှာ မြန်မာပြည်မှာ အသုံးများလာတဲ့ Xiaomi တွေမှာ မြန်မာစာကလဲ ပြသနာတစ်ခုဖြစ်နေတယ်။ Xiaomi ကလဲ OS Version Update က အမြဲလိုလိုထွက်နေတာဆိုတော့ အခုမြန်မာစာ၇နေတယ်။ Version ပြောင်းသွားတော့ မရ။ အချို့မှာ Global Version ဖြစ်နေလို့ Theme Font ထည့်မရ။ Root ဖောက်ပြီးမှ ၇မည့်အချေအနေ။ Root ဆိုတာကလဲ Normal User အတွက်မဆိုထားနဲ့ Service သမားတွေတောင် ခေါင်းမူး၇တဲ့အရာ။ နေ့စဉ်ဒါတွေကိုကြားနေကြုံနေရတယ်။ မြန်မာပြည်က Blogger ဆရာတွေလဲ နည်းလမ်းများစွာကို တင်ကြ ပြောပြကြပါတယ်။ ဒါပေမယ့်လဲ လိုအပ်နေဆဲဘဲ။ Xiaomi User တော်တော်များများကလဲ မြန်မာစာလောက် Root လောက်ကို ကိုယ်တိုင်ဘဲ လုပ်ချင်ကြတာ။ ဖြစ်သင့်ပါတယ်။
ခက်တာက Blogger တွေတင်ကြတာကလဲ သူကိုယ်တိုင် စမ်းဖူးပြီး အဆင်ပြေတာကို တူတဲ့သူတွေ ယူနိုင်အောင် စေတနာဖြင့် တင်ပေးကြတာပါ။ ဒီမှာ ခက်တာက Xiaomi သူကလဲ စိတ်ကများသား။။ ဖုန်းတစ်လုံးအတွက် အနဲဆုံး Firmware 3မျိုးလောက်ထုတ်ထားတယ်။ ဒီမှာ စတာ ပြသနာက။ ဥပမာ Xiaomi Redmi Note3 ချင်းအတူတူပေမယ့် တင်ထားတဲ့ Firmwre က Global / Developer Stable ဆို၇င်မတူတော့ပါဘူး။။ Developer Stable Rom ဆိုကြပါစို့ ။ သူ့မှာဆိုရင် Internet လေးဖွင့် MI Account ဖွင့် Theme ထဲကိုသွား Font ကိုရှာ ။ Search Bar မှာ Zawgyi or Roboto Zawgyi or Moehtettnyo စသည်တစ်ခုခုကိုရိုက်ရှာ တွေ့တာက ဒေါင်း ။ ပြီးရင် Apply / Reboot ဆိုရင် မြန်မာစာ အတော်အဆင်ပြေပြီ။ Browser နဲ့ အချို့ MM Apk တွေကလွဲ၇င် ရပြီ။ ဒီမှာ အဆင်မပြေတာက Global Version မှာဆို ဒီလိုနည်းလမ်းနဲ့မရတော့ ။ Theme ထဲမှာ Font ဆိုတာမပါတာ သို့ Font ကို ရှာမ၇တာတွေဖြစ်လာတယ်။ အဲ့မှာ နားလည်မှု့ လွဲတာဘဲ။ ဒီဖုန်းမှာကဒီလို၇တော့ ဒီအတိုင်းတင်တယ်။ ဟိုဖုန်းမှာကျတော့မရ။ ဒီအချေအနေမှာဆိုရင် ဖုန်းကို Rom ပြောင်းမှ ရပါတော့မယ်။ ဒါဆိုရင် ဒီအချေအနေမှာ Firmware File ကိုအမှန်ရအောင် ဖုန်းရဲ့ Model ကိုအတိအကျသိရပါမယ်။ မှားရင်တော့ နှစ်ခါ မက သုံးခါ ဒေါင်းရပါလိမ့်မယ်။ Firmware File ကိုလဲ SD Card or Phone Memory ထဲကိုထည့်ပြီး Updater ကနေတင်တဲ့ .Zip ကိုဒေါင်းမလား သို့ Computer ကနေ တင်ရတဲ့ Flashtool Firmware ကိုဒေါင်းမလား။ အဲ့မှာမှ ထပ်ပြီး ရွေူးချယ်စရာရှိပါသေးတယ်။ ဒါတွေကိုတော့ ပုံမှန်အသုံးပြုသူတွေအနေနဲ့ လုပ်ဖို့်မလွယ်တော့ပါ။ ဒါဆိုရင်တော့ Xiaomi User တွေအနေနဲ့ Myanmar Font အတွက်နဲ့တော့ ဒီလောက်အပင်ပမ်းမခံပါနဲ့တော့ ။ နီးစပ်ရာ Service ကိုသွားပြီး ၁သောင်းမကျော်သော ကျပ်ငွေကိုပေးပြီး အေးအေးသက်သာသာ အသုံးပြုပါလေ။။ (Xiaomi Firmware File တစ်ခုကို 1.3GB ကနေ 1.8GB လောက်အထိရှိတာမို့ ဒေါင်းလော့ချရတဲ့ ငွေကိုတွက်ကြည့်ရင် နားလည်ပေးနိုင်ကြမှာပါ။ ပြောလိုရင် စကားကို ပြန်ကောက်ရရင် Xiaomi Myanmar Font မှာ ရခြင်း မရခြင်းက ဘာကြောင့်ဆိုတာကို သိစေလိုရင်းပါ။ ဒီလောက်ဆိုရင်တော့ အတန်ငယ်ရိပ်မိပြီထင်ပါတယ်။ ကျနော်သိသလာက်ကို တင်ပြခြင်းပါ။ ကျနော့် Blog မှာ Xiaomi Myanmar Font နဲ့သက်ဆိုင်တာ တော်တော်များများတင်ထားပါတယ်။ အဆင်ပြေကြပါစေ။
ကြော်ငြာလေးတော့ ၀င်လိုက်မယ်လေ။။ Mobile Phone ပြုပြင်ခြင်းကို စိတ်ပါဝင်စားလို့ သင်တန်းတွေတက်ဖို့်လဲ အချိန်နဲ့ ငွေ လိုအပ်ချက်တွေရှိနေလို့ ဆိုရင် ။။ သင့်ဘက်က တစ်ကယ်သင်ယူဖို့၇ယ် ကြိုးစားတဲ့စိတ်ရယ် အချိန်၇ယ်ပေးနိုင်မယ်ဆိုရင် Online ကနေသင်လို့ရအောင် Facebook Paid Group မှာသင်ယူနိုင်ပါပြီ။ သင်သာ စိတ်ပါဝင်စားမှု့ရှိပါစေ။ ဒီပညာဖြင့် အသက်မွေးဝမ်းကြောင်းဖြစ်စေရမယ်လို့ အာမခံပါတယ်။ အခြေခံမှစပြီး စာဖြင့်၎င်း Video ဖြင့်၎င်း မေးမြန်းဖြေကြားခြင်းဖြင့်၎င်း သင်ကြားပေးမှာပါ။ လက်ရှိမိမိကြုံတွေ့နေရတဲ့ ပြုပြင်ခြင်း အတွေ့အကြုံတွေကိုပါ သိရမှာပါ။ သင်ကြားမည့်သူဘက်ကနေ Computer / Smart Phone / Internet ဒီသုံးမျိုးလောက်ရှိနေ၇င်ရပါပြီ။အချိန်အကန့်အသတ်မရှိလို့ လက်ရှိအလုပ်တစ်ခုလုပ်နေရင်းတောင်သင်ကြားနိုင်သည်။ စိတ်ပါဝင်စားပါက ဖုန်းဖြင့် သို့ Viber မှ စာရင်းပေးထားနိုင်ပါသည်။ သင်တန်းကြေးကတော့ 30,000Ks ပါ။ Paid Group ကိုစ၀င်သည်နှင့် Bank Account ထဲသို့ ငွေသွင်းပေးရပါမည်။ Phone or Viber မှ အသေးစိတ်မေးမြန်းနိုင်ပါသည်။
Phone - 09970087744 -- Viber - 09970087744
Facebook -https://www.facebook.com/groups/451152198607426/?ref=aymt_homepage_panel
Subscribe to:
Post Comments (Atom)
https://www.mediafire.com/file/bwqdmflrplda67m/On7_Backup.rar/file
-
Xiaomi Redmi Note 3 အတွက် Root and Myanmar Font ကို ဖုန်းထဲမှာတင် လွယ်ကူစွာ ထည့်ဖို့အတွက်။။။ မကြာခင်က ထွက်ထားတဲ့ Xiaomi ရဲ့ Redmi note3 ...
-
Huawei Honor H30 U10 Dead Boot Fix Firmware...100% OK့ င်္Firmware ရေးလိုက်လို့ Deadboot ဖြစ်တာ ။ ပြီးတော့ Dload နဲ့တင်မ၇တာ တို့အတွက် အဆင်ေ...
-
HUAWEI Y330 U11 FOR OFFICIAL FIRMWARE BUILD NO 112 V4.2.2 DOWNLOAD HERE
No comments:
Post a Comment
အဆင်မပြေမှု့ရှိပါက ပြောခဲ့နိုင်ပါတယ်