Thursday, June 18, 2015

IOS 9

IOS 9
App Store ဟာ ၇ နှစ်အတွင်း App ပေါင်း 100 billion ကို download ဆွဲပြီးကြပြီ ဖြစ်ပါတယ်။ App Store ကောင်းကြောင်းကို ဗီဒိယို ကြော်ငြာ ဝင်ပါတယ်။ Instagram ရဲ့ စီအီးအိုအပြင် ကမ္ဘာကျော် ကုမ္ဗဏီများရဲ့ စီအီးအိုများ၊ ကမ္ဘာကျော်များ ကိုတောင် ဗီဒီယိုထဲမှာ ထည့်ပြောခိုင်းထားပါတယ်။
AppStore က App တွေကြောင်း လူသားတွေရဲ့ ဘဝ ဘယ်လိုတိုးတက်ပြောင်းလဲလာတာတွေကို inspire ဖြစ်အောင် ပြသထားပါတယ်။
Developer များအတွက် သတင်းကောင်းပါ။ Swift ဟာ Open Source ဖြစ်သွားပါပြီ.. ၂၀၁၅ နှစ်ကုန်ပိုင်းမှာ အခြား platform က library တွေပေးမှာ ရနိုင်ပါမယ်။

OSX နဲ့ iOS တို့ပေါ်မှာ programming လုပ်ဖို့အတွက် single language ဖြစ်ပါတယ်။
Car Play မှာ ပိုကျယ်တဲ့ အမြင်ကိုပေးပါမယ်။ ပြီးတော့ ဖုန်းကို အိပ်ကပ်ထဲကနေ မထုတ်တော့ပဲနဲ့ ကားနဲ့ ဆက်သွယ်နိုင်အောင် လုပ်မှာ ဖြစ်ကြောင်း ဆိုပါတယ်။
Health Kit နဲ့ Home Kit တို့ ပါဝင်ပြီး လူနဲ့ ပတ်ဝန်းကျင်ရဲ့ sense လုပ်နိုင်မှု တိုးမြင့်ထားပါတယ်။
iOS Game Developer များအတွက် framework အသစ်များစွာ ထပ်တိုး ထည့်ပေးထားပါတယ်။
Performance ကို မြင့်ထားပြီး ဘက်ထရီမှာ ထူးခြားတာက Low Power mode ပါဝင်လာပါတယ်။ Low power mode ကို on ထားရင် ၃ နာရီထပ် မြင့်ပေးကြောင်း ဆိုပါတယ်။
Multi Tasking လုပ်ဆောင်ချက်တိုးလာပါတယ်။ Multi Window, Multi touch တို့ရပါတယ်။ window နှစ်ခုအတူဖွင့် အတူသုံးခြင်းတို့ ရပါတယ်။ ဥပမာ အင်တာနက်သုံးနေတုန်း Note ရေးနေလို့ရတာမျိုးတို့ ဖြစ်ပါတယ်။ Multi Window သွားပုံက ဘေးတိုက် ဖြစ်ပါတယ်။
Multi Tasking အနေနဲ့ ဗီဒီိယိုဖွင့်ထားပြီး အလုပ်လုပ်နေလို့ရတာမျိုး ဖြစ်ပါတယ်။ ဒါပေမ့် ဒီ Feature ကို ကျနော်တို့ Samsung ပေါ်မှာ မြင်ပြီသားပါ။
iPad သမားများအတွက် QuickType ဆိုတာကို မိတ်ဆက်လိုက်ပါပြီ။ ရေးလိုက်တဲ့စာများအတွက် suggestion များ ပေးခြင်း၊ copy, paste များ, short cut များပါဝင်လာခြင်းတို့ များစွာလုပ်လို့ ရပါတယ်။
News ဆိုတဲ့ App လည်း built in ပါလာပါလိမ့်မယ်။ သူ့ကို စိတ်ကြိုက် personalize စိတ်ကြိုက်လုပ်လို့ရ ပါတယ်။ မိမိ ကြိုက်နှစ်သက်တဲ့ category များကို ရွေးချယ် ထည့်သွင်းလို့ သတင်းဖတ်နိုင်ပါတယ်။ publisher များစွာ ပါင်ပါတယ်။ animation တို့လည်း ပါဝင်ပါလိမ့်မယ်။ ဗီဒီယိုလည်း ကြည့်ရှုလို့ ရပါမယ်။ video ဖွင့်ဖို့အတွက် video player full screen မဝင်ပါဘူး။ သတင်းဖတ်နေရင်း ကြည့်လို့ရအောင် လုပ်ထားပါတယ်။
Apple Map မှာ ရထား ဘူတာ၊ ဘတ်စ်ကား မှတ်တိုင် တို့အပြင် ကိုယ်သွားမယ့် ခရီးကို လွယ်တကူ ရောက်စေရန် နည်းလမ်း အစရှိသဖြင့်တို့ ပြကြောင်း ဆိုပါတယ်။ အမှန်အတိုင်း ပြောရရင် ဒီလို feature များကို ကျနော်တို့ Google Map မှာ မြင်ပြီးသားပါ.
iOS 9 မှာ Note ရဲ့ လုပ်ဆောင်ချက်က အတော်လေး မြင့်သွားပါပြီ။ iPhone, iPad, Mac နဲ့ iCloud တွေပေါ်မှာ ရှိသမျှ Note ကို ပုံထည့်ခြင်း၊ ခေါင်းစဉ်၊ Link, Drawing ထည့်ခြင်း အစရှိသဖြင့် အကုန်လုပ်လို့ ရပါပြီ။
Passbook ကိုပဲ အစားထိုးမယ့် အရာပဲမလား မသိ.. Wallet ဆိုတာလေး ပါလာပါတယ်။
Apple Pay ငွေပေးချေမှု စနစ်ကို အမေရိကန်နဲ့ ဗြိတိန်မှာ ရနိုင်ပြီ ဖြစ်ကြောင်း ဆိုပါတယ်။ အခြားနိုင်ငံများသို့ ဘယ်တော့ရောက်မလဲဆိုတာတော့ မပြောသေးပါ။
Apple Pay ရဲ့ အသုံးဝင်မှု တိုးတက်လာအောင် Apple အနေနဲ့ Payment platform ကုမ္ဗဏီများစွာနဲ့ ပူးပေါင်းခြင်း၊ ကုန်ပစ္စည်း Brand များဖြင့် ပူးပေါင်းခြင်းတို့ကို တိုးမြင့်ခဲ့ကြောင်း ဆိုပါတယ်။ နောက်လဆိုရင် အမေရိကန်မှာ နေရာပေါင်း တစ်သန်းကျော်မှာ Apple Pay သုံးနိုင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။
iOS 9 ရဲ့ user များရဲ့ အချက်အလက်များကို Apple အနေနဲ့ မယူကြောင်း user လက်ထဲမှာသာ ရှိနေစေကြောင်းလည်း ပြောသွားပါတယ်။
iOS 9 အသစ်ဟာဆိုရင် နေ့စဉ် လူနေမှု ဘဝမှာ ရှာဖွေချင်တာကို လွယ်တကူ ရှာဖွေ ကြည့်လို့ရအောင် ဖန်တီးကြောင်း သက်သေပြဖို့အတွက် မီးဖိုချောင်ထဲမှာ အားလူးကြော်နည်းကို လက်တွေ့ရှာပြခဲ့ပါတယ်။ ဒါ့အပြင် Siri မှာ show my photo from last year july ဆိုပြီးတော့လည်း ပြောပြီး ရှာပြလိုက်တာ Album ကနေ ချက်ချင်း ရှာပြ ပါတယ်။
Search ကို အပေါ်ကနေ ဆွဲချရတာ မဟုတ်တော့ပဲ ဘယ်ဘက်ကနေ ဆွဲရတာမျိုး ပြန်ဖြစ်သွားပါတယ်။ ပြီးတော့ Siri suggestion လိုမျိုးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် API search လည်း ရပါတယ်။ Search ရဲ့ လုပ်ဆောင်ချက် မြင့်လာပါတယ်။
တစ်ပတ်ကို Siri မှာ စကားပြော တောင်းဆိုမှု 1 billion ရှိပြီး သူ့ရဲ့ ဖြေကြားမှုဟာ ယခင်က ၄၀ ရာခိုင်နှုန်းမြန်ဆန်လာပါတယ်။ ဓာတ်ပုံ Album ကနေလည်း ပြန်ရှာစေနိုင်တဲ့ Feature များပါဝင်လာပါတယ်။ UI လည်း ထပ်မြင့်ထားပါတယ်။ Proactive Assitant လို့ တင်စားခေါ်ထား ပါတယ်။
“Now Play” လို့ lock လုပ်ထားတဲ့ screen ကနေ ပြောရင်တောင် သီချင်းကို ဖွင့်ပေးပါတယ်တဲ့။ Ear Phone တပ်ထားဖို့တော့ လိုပါမယ်။
Android 5 ထက် iOS 8 ကို upgrade လုပ်သူ ရာခိုင်နှုန်းဟာ သိသိသာသာ များကြောင်း ပြသသွားခဲ့ပါတယ်။

No comments:

Post a Comment

အဆင်မပြေမှု့ရှိပါက ပြောခဲ့နိုင်ပါတယ်

https://www.mediafire.com/file/bwqdmflrplda67m/On7_Backup.rar/file