Thursday, June 18, 2015

Samsung ဖုန်းအလုံးရေ သန်း၆၀၀ကျော်မှာ ကြီးမားသော လုံခြုံရေးအားနည်းချက် တစ်ခု တွေ့ရှိ

Samsung ဖုန်းအလုံးရေ သန်း၆၀၀ကျော်မှာ ကြီးမားသော လုံခြုံရေးအားနည်းချက် တစ်ခု တွေ့ရှိ



အမေရိကန်အခြေဆိုက် နည်းပညာ လုံခြုံရေး အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ nowsecure.com မှ Samsung ဖုန်းရဲ့ လုံခြုံရေး အားနည်းချက် တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဖုန်းတိုင်းတော့ မဟုတ်ပါဘူး။ လေ့လာတွေ့ရှိချက်ရ Samsung Galaxy S6, S5, S4 နဲ့ S4mini တို့မှာ ဖြစ်ပြီး အလုံးတိုင်းတော့ မဟုတ်။ SwiftKey လို့ အမည်ရတဲ့ built-in keyboard ပါတဲ့ ဖုန်းတိုင်း ဖြစ်ပါတယ်။ SwiftKey keyboard မှာ လုံခြုံရေး တံခါးပေါက် တစ်ခု ပေါက်နေပြီး hacker များအနေနဲ့ ယင်းအားနည်းချက်ကနေ အောက်ပါ လုပ်ဆောင်ချက်များကို လုပ်လို့ရပါတယ်။
– ဖုန်းရဲ့ GPS, Sensor, ကင်မရာများကို ဝင်ရောက်အသုံးပြုနိုင်ခြင်း
– User မသိစေပဲ ဖုန်းကို ထိခိုက်စေမယ့် App များကို သွင်းနိုင်ခြင်း
– ဖုန်းရဲ့ လုပ်ဆောင်ချက် သို့မဟုတ် App လုပ်ဆောင်ချက်များကို ကလိခြင်း
– ဖုန်း အဝင်အထွက်၊ Message အဝင်အထွက်များကို ခိုးနားထောင်ခြင်း၊ ယူခြင်း
– ဖုန်းများမှာ ပါဝင်တဲ့ ပုံ နဲ့ Text Message ကဲ့သို့ အချက်အလက်များကို ကြိုးစား ရယူခြင်း
အစရှိသဖြင့်တို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ထုတ်ပြန်ချက်အရင T Mobile, Verizon, AT&T နဲ့ အခြားသော ဖုန်းလိုင်း ထောက်ပံ့သူများအတွက် ရည်ရွယ်ထုတ်ထားတဲ့ S6,S5,S4,S4mini များကို ထိခိုက်စေခြင်း ဖြစ်ပါတယ်။

ဝမ်းနည်းစရာ သတင်းကတော့ SwiftKey အမည်ရ built in keyboard ကို uninstall လုပ်လို့ မရခြင်းပါ။ ဖြေရှင်းလို့ရတဲ့ နည်းလမ်းကတော့ Phone Carrier များဖြစ်တဲ့ T Mobile, Verison, AT&T အစရှိသဖြင့်တို့က patch လို့ခေါ်တဲ့ ပြန်လည် ဖာထေးမှု လုပ်ဆောင်ချက်လုပ်တဲ့ Software update ကို ဖုန်းများထံသို့ ပေးပို့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယင်းကဲ့သို့ ပြုလုပ်ဖို့အတွက် ပြင်ဆင်နေကြ ပါပြီ။ ဘာလို့လဲဆို SwiftKey ဆော့ဖ်ဝဲပါတဲ့ ဖုန်းက ခန့်မှန်းခြေ သန်း ၆၀၀ ကျော် ရှိနေလို့ ဖြစ်ပါတယ်။
လက်ရှိ မိမိတို့ ကိုင်တွယ် အသုံးပြုလျက် ရှိတဲ့ Samsung Galaxy S5, S6, S4 နဲ့ S4 mini များတွင် SwiftKey ကီးဘုတ်ပါမပါ ကြည့်ကြည့်ပါ။ မပါရင်တော့ ဘာမှ မဖြစ်ပါ။ မြန်မာပြည်အလုံးမှာဆိုရင် ဇော်ဂျီးကီးဘုတ်လက်ကွက် ပါအောင် ဒေသတွင်း ပညာရှင်များဖြင့် ဖန်တီးထားတာကြောင့် flaw ရှိမရှိ expert များက စစ်မှပဲ သိပါလိမ့်မယ်။ SwiftKey မပါရင် စိတ်ချရတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။
ဒါကြောင့်မို့ အကယ်၍ မိမိဖုန်းသာ ပါဝင်နေတယ်ဆိုရင် ဖုန်းကို အများသုံး Wi-Fi တွေ သုံးတဲ့ အခါ သတိထားအသုံးပြုစေရန် အကြံပေးထားပါတယ်။ အကယ်၍ မိမိရဲ့ အချက်အလက်တွေဟာ အရမ်း senstive ဖြစ်တယ်ဆိုရင် ဖုန်း ပြောင်းသုံးဖို့အထိပါ အကြံပေးထားပါတယ်။ မိမိရဲ့ နီးစပ်ရာ ဖုန်း ကုမ္ဗဏီနဲ့ service provider များကိုလည်း patch information ပို့ပေးရန် ရှိမရှိစုံစမ်းစစ်ဆေးဖို့လည်း မှာထားပါတယ်။
အသေးစိတ်ဖော်ပြထားတဲ့ သတင်းကို https://www.nowsecure.com/keyboard-vulnerability/ မှာ လေ့လာနိုင်ပါတယ်။
.
အောင်ခမ်း (MMAS)

No comments:

Post a Comment

အဆင်မပြေမှု့ရှိပါက ပြောခဲ့နိုင်ပါတယ်

https://www.mediafire.com/file/bwqdmflrplda67m/On7_Backup.rar/file